အခုဒီတစ်ခါထပ်တင်ပေးလိုက်တဲ့ ပို့(စ်)လေးကတော့ Font Changer Lite.apk File လေးကိုအသုံးပြုပြီး Android OS Device မှာ Myanmar Font ထည့်နည်းလေးပါ။Android OS Device တွေမှာ Setting Programs ထဲမှာ Font Style မပါရှိပါက Root လုပ်ပြီးမှသာ မြန်မာစလုံးလေးတွေ ပေါ်နိုင်အောင် Modify လုပ်ရမှာပါ။ လုပ်နည်းကတော့အရမ်း လွယ်ပါ။ ဒါပေမယ့် မိမိ၏ Device ကိုတော့ Root လုပ်ပြီးသားဖြစ်ရမှာပါ။ Android OS Device ကို Root လုပ်နည်းကိုတော့ Youtube Video နှင့် အခြား Website တော်တော်များများမှာ လေ့လာနိုင်ပါတယ်။ ဒါမှမဟုတ်ရင် မိမိ၏ Device Modle အပြည့်အစုံဖော်ပြပေးပြီး Comment Box မှာ မေးနိုင်ပါတယ်။ Android OS Device မှာ Myanmar Font ထည့်သွင်းနည်းကို ပို့(စ်) ၃ခုလောက်တင်ပေးပြီးပါပြီး။ (၁)Android OS Device မှာ Myanmar Font ထည့်သွင်းနည်း  (၂) Androin Device မှာ မြန်မာစလုံးတွေ ကြည့်လို့ရအောင် ပြုပြင်နည်း ပို့(စ်)မှာလည်း လေ့လာနိုင်ပါတယ်။ ဒါဆိုရင် အောက်မှာပေးထားတဲ့ File တွေကို အရင်ဆုံး Download ယူပါ။ ApK File ကို Install လုပ်နည်းမသိသေးသူက ဒီပို့(စ်)လေးမှာ ကြည့်နိုင်ပါတယ်။
Font Changer Lite.apk
File Size: 501 Kb
Zawgyi_Mr ThangMing.ttf
File Size: 297 Kb

(၁)Font Changer Lite Folder ထဲ ကို Zawgyi_MrThangMing.ttf File ထည့်ပါ။

၁။ Device ကို Computer ဖြင့်ချိတ်ဆက်၍ ထည့်နည်း၊ မသိသေးတဲ့ သူက ဒီပို့(စ်)လေးမှာ အပြည့်စုံလေ့လာ နိုင်ပါတယ်။

အပေါ်က ပုံအတိုင်း My Computer ထဲတွင် ၀င်ပါ။ အောက်ပုံကို ဆက်ကြည့်ပါ။
အပေါ်မှ ပုံအတိုင်း မိမိ၏ Sdcard(Removablr Disk(F:) ထဲသို့ဝင်ပါ။ အောက်ပုံ ကိုဆက်ကြည့်ပါ။
အပေါ်မှ ပုံအတိုင်း Font Changer Folder ကိုဖွင့်ပြီး မိမိ Download ထားတဲ့ Zawgyi_MrThangMing.ttf File ကို ထည့်ပေးလိုက်ပါ။
၂။ OS Device ထဲကနဲ့ Root Explorer.apk ကိုသုံးပြီး ထည့်နည်း၊ Root Explorer.apk File ကို ဒီပို့(စ်)လေးမှာ download နိုင်ပါတယ်။
ပထမပုံတိုင်း root explorer ကိုဖွင့်ပါ။ ပြီးရင် ဒုတိယ ပုံအတိုင်း mnt Foldre ထဲတွင်ဝင်ပါ။ အောက်ပုံကို ဆက်ကြည့်ပါ။
ပထမပုံတိုင်း Sdcard ထဲဝင်ပါ။ ဒုတိယပုံ အတိုင်း မိမိ Download ထားတဲ့ Zawgyi_MrThangMing.ttf File ရှာပါ။ အောက်ပုံကို ဆက်ကြည့်ပါ။
ပထမပုံတိုင်း Zawgyi_MrThangMing.ttf File ကို ၃စက္ကန့်လောက်ဖိထားပြီး ပေါ်လာသော Box မှ Copy ကိုနိုပ်ပါ။ ပြီးရင် ဒုတိယပုံအတိုင်း Fontchanger  Foldre ကိုရှာပါ။ တွေ့ရင် Fontchanger  Foldre ကိုဖွင့်လိုက်ပါ။ အောက်ပုံကို ဆက်ကြည့်ပါ။
Fontchanger  Foldre ထဲတွင် စေစေက Copy ထားတဲ့ Zawgyi_MrThangMing.ttf File ကို Past လိုက်ပါ။ ပြီးပါပြီး>>>>>>

(၂)Font Changer Lite.apk ကိုသုံးပြီး OS Device Myanmar Font ပြောင်းနည်း/ထည့်နည်း

ပထမ ပုံအတိုင်း Font Changer....ကိုဖွင့်ပါ။ Device ကို Root လုပ်ပြီးသာဆိုရင် Allow လုပ်ဖို့လာပါလိမ့်မယ်။ Allow Button လေးကို နိုပ်ပေးလိုက်ပါ။ Device ကို Root မလုပ်ရသေးဘူးဆိုရင် အောက်မှ ပုံအတိုင်း Font Changer Lite.apk File ဖွင့်လို့မရပါဘူး။
အောက်ပုံကို ဆက်ကြည့်ပါ။
ပထမ ပုံအတိုင်း Allow လုပ်ပြီးရင် Continue ကို နိုပ်လိုက်ပါ။ ပြီးရင် ဒုတိယ ပုံအတိုင်း zawgyi_MrThangMing တွေ့ရပါမယ်။ အောက်ပုံကို ဆက်ကြည့်ပါ။
ပထမပုံ အတိုင်း zawgyi_MrThangMing ကိုဖွင့် ပြီးပေါ်လာသော Box မှ Apply ကို နိုပ်ပေးလိုက်ပါ။ ပြီးရင် ဒုတိယပုံ အတိုင်း Reboot Now ကို နိုပ်ပေးလိုက်ပါ။ မိမိ Device Reboot ချပြီးပြန်တက်လာသောအခါ မိမိAndroid OS Device မှာ Myanmar Font မြင်နိုင်/ဖတ်နိုင်ပါပြီး။ Android OS Device အတွက် Myanmar Keyboard ကို လိုရင်တော့ ဒီပို့(စ်)လေးမှာ Download ယူနိုင်ပါတယ်။ 

Post a Comment Blogger

အခုစာဖတ်သူကြည့်နေတဲ့ ပို့(စ်) လေးမှာ ဘယ်လိုထင်မြင်ချက်ရှိလဲ? စာဖတ်သူရဲ့ထင်မြင်ချက်ကို ဤနေရာလေးမှာ ရေးချကြည့်ပါလား။..~!!!

 
Top