အခုတင်ပေးမယ့် ပို့(စ်) လေးကတော့ Android OS Device မှာ Myanmar Font ထည့်သွင်းနည်းလေးပါ။ အရင်ကတင်ပြီးသာ ပို့(စ်)တွေလဲရှိပါပြီး၊ ဒါပေမယ့် Android OS Device တွေမှာ Setting Programs ထဲမှာ Font Style မပါရှိပါက Root လုပ်ပြီးမှသာ မြန်မာစလုံးလေးတွေ ပေါ်နိုင်အောင် Modify လုပ်ရမှာပါ။ အခုဒီအခန်းမှာတော့ Root လုပ်နည်းကိုတော့ မပြတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့  Android OS Device တွေဟာ အမျိုးအစား များနေတာကြောင့် Model တစ်ခုနဲ့တစ်ခု Root လုပ်နည်းလည်းမတူပါဘူး။ ဒါကြောင့် Root မလုပ်နိုင်တဲ့  Android OS Device တွေရှိခဲ့ရင် (မိမိ၏  Android OS Device )Model ပြည့်စုံစွာဖော်ပြပြီး Comment မှာ မေးနိုင်ပါတယ်။ ဒါမှမဟုတ် အခြား Internet Website များစွာမှာ လည်းရှာဖွေးလေ့လာနိုင်ပါတယ်။ ကဲစလိုက်ကြရအောင် မိမိ၏  Android OS Device ကိုတော့ Root လုပ်ပြီးသာ ဖြစ်ရပါမယ်။ ဒါဆိုရင် အောက်မှာပေးထားတဲ့ File တွေကို အရင်ဆုံး Download ယူပါ။ ApK File ကို Install လုပ်နည်းမသိသေးသူက ဒီပို့(စ်)လေးမှာ ကြည့်နိုင်ပါတယ်။
Root Explorer_Mr ThangMing.apk
File Size: 266 Kb
DroidSansFallback_Mr ThangMing.ttf
File Size: 333 Kb
Root Explorer ကို ဖွင့်ပါ။ အောက်ပုံ အတိုင်ထွက်လာပါမည်။
Allow Button လေးကို နိုပ်ပေးလိုက်ပါ။ (ဒီနေရာမှာ Root မလုပ်ရသေးတဲ့ Device တွေဟာ ဒီလိုမျိုးမပေါ်ပါဘူး) အောက် ပုံကိုဆက်ကြည့်ပါ။
မိမိ File သိမ်းထားတဲ့ နေရာကို ၀င်ပါ။(sdcard) အောက်ပုံ ကို ဆက်ကြည့်ပါ။
DroidSansFallback_Mr ThangMing.ttf  မိမိ download file နေရာကို ၀င်ပါ။ DroidSansFallback_Mr ThangMing.ttf  File ကို ၃စက္ကန့်လောက် ဖိထားပြီး ပေါ်လာသော Box ထဲ က Copy ကို နိုပ်ပါ။ အောက်ပုံ အတိုင်ပါ။
ပြီးရင် Menu မှ back ကို တစ်ချက်နိုပ်ပါ။ အောက်ပုံ ကိုကြည့်ပါ။
system ထဲ ၀င်ပြီး Fonts Folder ကိုရှာပါ။ အောက်မှ ပုံ အတိုင်ပါ။
Fonts Foldre ကို ဖွင့်ပါ။ အောက် ပုံ ကို ဆက်ကြည့်ပါ။

.ttf File များကိုတွေ့ ရပါမယ်။ ထိုအခါ Paste button ကိုနိုပ် လိုက်ပါ။ အောက်မှ ပုံအတိုင်း တွေ့ရလျှင် Ok Button ကို နိုပ်လိုက်ပါ။ 
ထိပ်နားက Mount R/W ကို Mount R/O ပြောင်းပေးပြီး ၊ နောက်တစ်ကြိမ် Paste Button ကို ထပ်နိုပ်ပေးလိုက်ပါ။ အောက် ပုံ အတိုင်း Overwrite လုပ်မလားလို့မေးပါလိမ့်မယ်။ 
Yes Button ကိုနိုပ်ပေးလိုက်ပါ။ 
 ပြီးရင် မိမိ paste ထားတဲ့ .ttf  File ပေါ်တွင် ၃စက္ကန့်လောက်ဖိထားပါ။ အောက်ပုံ အတိုင်းတွေ့ရပါမယ်။
Permissions ကို နိုပ်လိုက်ပါ။ အောက် ပုံ အတိုင် ထွက်လာပါမယ်။
အမှတ်များကို တပ်ပေးပြီး Ok Button ကိုနိုပ်လိုက်ပါ။ ပြီးရင် Font အောက်ထဲပြန်ရောက်တဲ့အခါ ထိပ်နားမှ Mount R/O ကိုနိုပ်ပြီး Mount R/W ပြန်ထားပေးလိုက်ပါ။ အလုံးပြီးသွားရင် Device ကို Reboot ချလိုက်ပါ။  Power Key ကို ၃စက္ကန့်လောက် ဖိထားပြီး Powre Off တာကိုပြောတာပါ။ ပြီးရင် Device ကို ပြန်ဖွင့်လိုက်ပါ။ ဒီလောက်ဆိုရင် အဆင်ပြေမယ် ထင်ပါတယ်။ အားလုံးအဆင်ပြေနိုင်ကြပါစေ။

Post a Comment Blogger

အခုစာဖတ်သူကြည့်နေတဲ့ ပို့(စ်) လေးမှာ ဘယ်လိုထင်မြင်ချက်ရှိလဲ? စာဖတ်သူရဲ့ထင်မြင်ချက်ကို ဤနေရာလေးမှာ ရေးချကြည့်ပါလား။..~!!!

 
Top