ဒီနေ့ တင်ပေးလိုက်တဲ့ နည်းပညာ ပို့(စ်) လေးကတော့ မိမိတို့၏ Website/Blog များကို Mobile(လက်ကိုင်ဖုန်း) ကနဲ့ Design လှပစွာဖြင့် အလွယ်တကူ ကြည့်ရှု့/ဖတ်ရှု့လို့ရအောင် ပြင်ဆင်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။ တစ်ချို့သိပြီးသား မိတ်ဆွေများလည်း များတော့မှာပါ။ မသိသေးတဲ့ မိတ်ဆွေများ အလွယ်တကူ ပြင်ဆင်လို့ရအောင် ထပ်ပြီး တင်ပေးလိုက်တာပါ။
၁။ ဒီနေရာလေးမှာ ၀င်ပါ။ အောက်ပုံ အတိုင်းပေါ်လာမှာပါ။
၂။ သင့် Website/Blog လိပ်စာ ထည့်ပေးလိုက်ပါ။ ပြီးရင် မြှားပုံ လေးကို Click ပါ။ အောက်ပုံ ကို ဆက်ကြည့်ပါ။

၃။ မိမိစိတ်တိုင်းကျတဲ့ Templates များကို ရွေးပေးလိုက်ပါ။ အားလုံးစိတ်ကြိုက်ဖြစ်ပြီးဆိုရင် Next Button လေးကို Click လိုက်ပါ။ အောက်ပုံ ကိုဆက်ကြည့်ပါ။

၎။ ကျနော်တို့က Free သမားတွေဆိုတော့ Basic(Free) ကိုပဲ ရွေးရမှာပေါ့။ Continue Button လေးကို Click လိုက်ပါ။ မိမိသည် Sign Up မလုပ်သေးပါက မိမိ၏ Email Address နဲ့ မိမိကြိုတဲ့ Password ကို ထည့်ပေးလိုက်ပါ။ အောက်ပုံကို ဆက်ကြည့်ပါ။

၅။ Setup My Mobile Website Redirect Button လေးကို Click လိုက်ပါ။ အောက်ပုံကို ဆက်ကြည့်ပါ။


၆။ ၁။Sign In Blogger
 
  ၂။ Template

   ၃။ Edit HTMl

   ၅။ အောက်က Cond လေးကိုရှာပါ။Ctrl + F ကိုတွဲနိုပ်၍ရှာပါ ၊ ရှာရလွယ်ပါတယ်။

<head>

တွေ့ပြီးဆိုရင် မိမိရထားတဲ့ Cond ကို <head> ရဲ့အောက်မှာ ထပ်ထည့်ပေးလိုက်ပါ။ ပြီးရင် Save Template ကို နှိပ်ပေးလိုက်ပေါ့။ ထည့်နည်းကို မရှင်းဘူးဆိုရင် အပေါ်က ပုံမှာ ပြထားတဲ့အတိုင်း Blogger ရွေးပြီး Go Button လေးကို Click လိုက်ရင် Video ဖြင့် အသေးစိတ်ရှင်းပြချက်ကို ရှု့နိုင်မှာဖြစ်ပါတယ်။ အားလုံး အဆင်ပြေနိုင်ကြပါစေ။ Demo ကို ဒီနေရာလေးမှာ ၀င်ပြီး ကြည့်ရှု့နိုင်ပါတယ်။

Post a Comment Blogger

  1. ကျေးဇူးတင်ပါတယ်ဗျာ။

    ReplyDelete

အခုစာဖတ်သူကြည့်နေတဲ့ ပို့(စ်) လေးမှာ ဘယ်လိုထင်မြင်ချက်ရှိလဲ? စာဖတ်သူရဲ့ထင်မြင်ချက်ကို ဤနေရာလေးမှာ ရေးချကြည့်ပါလား။..~!!!

 
Top