ဒီတစ်ခါ တင်ပေးလိုက်တဲ့ Android နည်းပညာ ပို့(စ်)လေးကတော့ Android ဖုန်း တစ်ချို့ Setting => Display => မှာ Font Style ပြောင်းလို့ မရတဲ့ Device များကို လွယ်လွယ်ကူကူ မြန်မာဖောင့် ထည့်နည်းလေးကို မသိသေးတဲ့ မိတ်ဆွေများ အတွက်အလွယ်တကူ ထည့်သုံးလို့ရအောင် ထပ်ပြီး တင်ပေးလိုက်ပါတယ်။ ကဲ အရင်ဆုံး အောက်ပေးထားတဲ့ File တွေကို Download ဆွဲယူပါ။


၁။ Type Fresh V-0.9.3.6.apk

၂။ AndExplorerPro V-2.5.apk

၃။ Myanmar Font ကိုတော့ ဒီနေရာလေးမှာ ၀င်ပြီး Download ရယူနိုင်ပါတယ်။

အပေါ်က ပေးထားတဲ့ File များ ကို အားလုံး Download ဆွဲပြီပြီးဆိုရင် မိမိဖုန်းထဲ တွင် Type Fresh V-0.9.3.6.apk နှင့် AndExplorerPro V-2.5.apk နှစ်ခုလုံးကို Install လုပ်လိုက်ပါ။ ပြီရင် Myanmar Font ကိုလည်း SD Card ထဲတွင် သေးချာအောင် သိမ်းစည်းထားလိုက်ပါ။ ကဲအားလုံး Ok ပြီဆိုရင် Type Fresh ကို ဖွင့်လိုက်ပါ။ အောက်ပုံကို ကြည့်ပါ။


Type Fresh ကို ဖွင့်ပြီ DroidSansFallback.ttf ကိုရှာပါ၊ တွေ့ပြီဆိုရင် ထို DroidSansFallback.ttf ကို Click လိုက်ပါ။ အောက်ပုံ ကို ဆက်ကြည့်ပါ။


အပေါ်က ပထမ ပုံအတိုင်း ထွက်လာပါက Go Up A Folder ကို နှိပ်ပြီ စောစောက ပြောတဲ့အတိုင်း Myanmar Font သိမ်းထား တဲ့ SD Card Folder ထဲကို ၀င်ပါ၊ ပြီရင် ဒုတိယ ပုံမှာ မြင်တွေ့ရတဲ့ အတိုင်း မိမိထည့် လို့သည့် Myanmar Font တစ်ခုခု ကို အမှန်ခြစ်ပြီး Ok ခလုတ် ကို နှိပ်ပေးလိုက်ပါ။ အောက်ပုံ ကို ဆက်ကြည့်ပါ။


အပေါ်က ပုံအတိုင်း DroidSansFallback.ttf နေရာမှာ မြင်တွေ့ရပြီဆိုရင် ဖုန်း၏ Menu ခလုတ် ဖိပြီ Apply Fonts နှိပ်လိုက်ပါ။ ပြီရင် ဖုန်းကို Restart ချလိုက်ပါ။ ဖုန်းပြန်တက်လာရင် Myanmar Font ကောင်းစွာ အဆင်ပြေသွားတော့မှာ ပါ။ 
04 Dec 2013

Post a Comment Blogger

  1. type fresh , AndExplore pro ရော အင်စတော လုပ်ပီး ပီ။ type fresh ကို ဖွင့်ပီး တဆင့်ချင်း လုပ်တယ်ဗျ။ 1/2/3 ပေါ့ [Go up a folder] ပီးရင် နံပါတ် 4 ZawgyiGhost only V4.3 by MrThangMing.ttf ဆိုတာ တက်မလာဘူးဗျ ။ ဆိုတော့ ဘာမှ ဆက်လုပ် မရ တော့ဘူး။ Myanmar font ကို SD ကတ်ထဲမှာ သိမ်းထား ဆိုတဲ့ အပိုင်းကို သိပ်မရှင်းဘူး။ ကျနော် ထည့်နေတာ galaxy Note3 မှာ ထည့်နေတာပါ .. အဆင်ပြေရင် နည်းလမ်းလေးပေးပါအုံး။

    ReplyDelete
  2. error တက်နေလို့မရဘူးနောက်ဆုံးအဆင့်မှာ စိတ်ညစ်တယ်

    ReplyDelete
  3. Error ပြနေတယ်
    remounted/systemတဲ့

    ReplyDelete
    Replies
    1. မိမိ Device ကို Root လုပ်ထားဖို့လိုပါတယ်။ အဆင်ပြေနိုင်ကြပါစေ ပြန်ကြိုးစားကြည့်ကြပါ။

      Delete
    2. apply fonts မတွေ့ဘူး

      Delete
  4. Root မလုပ်ဘဲ sony C2305 BT မှာအဆင်ပြေနိုင်မလားညီ။
    အစ်ကို စမ်းတော.မလုပ်ရသေးဘူး သူငယ်ချင်းတစ်ယောက်ကို ကူညီချင်လို.

    ReplyDelete

အခုစာဖတ်သူကြည့်နေတဲ့ ပို့(စ်) လေးမှာ ဘယ်လိုထင်မြင်ချက်ရှိလဲ? စာဖတ်သူရဲ့ထင်မြင်ချက်ကို ဤနေရာလေးမှာ ရေးချကြည့်ပါလား။..~!!!

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top