Android OS Smart ဖုန်းကို Root လုပ်ငန်းစဉ်နဲ့ ပတ်သတ်တဲ့ နည်းပညာများကို MTM Web Page တွင် သိပ်ပြီးတော့ မတင်ပါဘူး။ ဒါပေမယ့် ဒီနေ့တော့ ဘာလိုလိုတဲ့ Samsung Galaxy S4 GT-i9505 ကို Root နည်းလေးကို တင်ပေးဖြစ်သွားပါတယ်။ ဘော်ဒါများမှ တောင်းဆိုထားတာလေးများ ကို ဖြည့်စွပ်ပေးလိုက်တဲ့ သဘောလို့ဘဲ မှတ်သားထားစေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တောင်းဆိုတဲ့ မိတ်ဆွေများ မရှိရင် တော့ Android OS Smart ဖုန်းကို Root လုပ်ငန်းစဉ်နဲ့ ပတ်သတ်တဲ့ နည်းပညာများကို ဆက်ပြီးတင်ပေးဖို့ အစီအစဉ် မရှိလို့ပါ။ တောင်းဆိုလာတဲ့သူ ရှိရင် တော့တင်ပေးမှာပါ။ ကဲ Samsung Galaxy S4 GT-i9505 ကို Root ဖောက်နည်းလေးကို လေ့လာ ကြရအောင်။



အရင်ဆုံး လိုအပ်တဲ့ File များကို Download ဆွဲပါ။

၁။ CF-Auto-Root-jflte-jfltexx-gti9505-MrThangMing.RAR (18.57 Mb)

၂။ Odin3 V3.09 _ MrThangMing.RAR (0.96 Mb)

၃။ Samsung USB Device - MrThangMing.RAR (18.62 Mb)  သင့် Computer ထဲမှာ Samsung USB Device ရှိပြီးသာဆိုင် Dowload စရာ မလိုတော့ပါ။

File Download ဆွဲတာ မသိသေးရင် ဒီပုံကို နှိပ်ပြီး ကြည့်ပါ။

အပေါ်ကပေထားတဲ့ File တွေ သင့်စက်ထဲမှာ အားလုံးစုံပြီးဆိုရင် Download ရယူထားတဲ့ CF-Auto-Root-jflte-jfltexx-gti9505-MrThangMing.RAR File ကို ဖွင့်ပါ CF-Auto-Root-jflte-jfltexx-gti9505.zip Folder ကို တွေ့ရပါလိမ့်မည် ထို Folder ကို  Right ချပြီး Extract လုပ်လိုက်ပါ။ ထိုထဲက ထွက်လာတဲ့ CF-Auto-Root-jflte-jfltexx-gti9505.tar.md5 ကိုပဲ ယူသုံးရမှာပါ။

ကဲ အားလုံး အဆင်သင့်ဖြစ်ပြီးဆိုရင် Odin3 V3.09 ကို မိမိ၏ Computer ပေါ်မှာ Run ပြီးဖွင့် လိုက်ပါ။
ပြီးရင် Odin3 V3.09 ထဲက AP ခလုတ်ကို နှိပ်ပြီး စောစောက Extract လုပ်ထားတဲ့  CF-Auto-Root-jflte-jfltexx-gti9505.tar.md5 ကိုထည့်ပေးလိုက်ပါ။ အောက်ပုံ အတိုင်းပါ။


ပြီးရင် S4 GT-i9505 ကို Computer နဲ့ ချိတ်ဆက်ပြီ CF-Auto-Root-jflte-jfltexx-gti9505.tar.md5 ကို S4 GT-i9505 ထဲ Install ပြုလုပ်နိုင်ဖို့ အတွက် Download Mode ကိုဝင်ရပါမယ်။ { မှတ်ချက်။  ။ USB Debugging ကို On ထားရပါမယ်။  USB Debugging On နည်းကို ဒီနေရာလေမှာ ၀င်ရောက်လေ့လာနိုင်ပါတယ်။  battery အား 80% အထက်ရှိ သင့်ပါတယ်။ ပြီးတော့ Root လုပ်နေစဉ်အတွင်း မိမိ၏ Computer ထဲမှာ USB ပေါက် တစ်ခုတည်းကိုပဲ သုံးပါ။ }

ကဲ  Download Mode ၀င်ဖို့အတွက် ဖုန်းကို Power off ပြီ Volume Down - = Home Button = Power Key သုံးခုကို တွဲ ဖိထားလိုက်ပါ။ အောက်ပုံ အတိုင်းပါ။


ပြီရင် USB ကြိုးဖြင့် Computer နှင့် ဖုန်း ကို ချိတ်ဆက်လိုက်ပါ။


အပေါ်က ပထမ ပုံအတိုင်း Odin3 မှာ တွေ့ရပြီဆိုရင် Start ခလုတ်ကို နှိပ်လို့ရပါပြီ။ Install လုပ်ပြီသွားရင် တော့ ဒုတိယ ပုံအတိုင်း မြင်တွေ့ရမှာပါ။ မိမိ ဖုန်းသည် Auto Reboot ချသွားပါမည်။ ဖုန်းပြန် တက်လာရင်တော့ Root လုပ်တာ အောင်မြင်စွာ ပြီဆုံးသွားပါပြီ။


Root လုပ်တာ အောင်မြင်လာမအောင်မြင်လာ သိချင်ရင် Google Play မှ Root Checker app ကို Install လုပ်ပြီ စမ်းနိုင်ပါတယ်။ Myanmar Font ထည့်နည်းကိုတော့ နောက်ထပ် ပို့(စ်)မှာ ထပ်တင်ပေးပါမယ်။

Post a Comment Blogger

  1. For installing myanmar font on S4 ig505 android 4.3...tested it successfully.
    http://freemobilesharing.blogspot.sg/2013/11/mm-font-installer-apk-root-for-android.html#.UrJ8l9IW2VO

    ReplyDelete

အခုစာဖတ်သူကြည့်နေတဲ့ ပို့(စ်) လေးမှာ ဘယ်လိုထင်မြင်ချက်ရှိလဲ? စာဖတ်သူရဲ့ထင်မြင်ချက်ကို ဤနေရာလေးမှာ ရေးချကြည့်ပါလား။..~!!!

 
Top