အခုတလော MTM Blog မှာ တစ်ချို့ Error များကို စစ်ဆေး ပြုပြင်နေတာကြောင့် ပို့(စ်)လေးတွေ မတင်ပေးဖြစ် ကြာပါပြီး။ ဒီနေ့တော့ ဘော်ဒါတွေ လာလာမေးတတ်ကြတဲ့  Bagan Keyboard Pro အကြောင်းလေးကို ရှင်းပြပါမယ်။  Bagan  Keyboard Pro Version (V-2.1.4) ထွက်ရှိပါပြီခင်ဗျ။ Version အသစ်မှာ အရင် Version အဟောင်းက Feature များ၊ Bug Fix များအပြင် Premium Feature များကို မြန်မာနိုင်ငံမှာ ပထမဦးဆုံးအဖြစ် ဖုန်းဘေကတစ်ဆင့် ၀ယ်သုံးနိုင်ပြီဖြစ်ပါတယ်ခင်ဗျ။ Premium Feature များအနေနဲ့ Keyboard ၏ Theme အသစ်များ ပါရှိလာပြီး Customize ပြုလုပ်နိုင်ခြင်းများစွာကို လုပ်နိုင်လာပြီဖြစ်ပါတယ်ခင်ဗျာ။ Keyboard ကို Activation ပြုလုပ်ရမည်ဟု ပေါ်လာသောကြောင့် စိတ်ညစ်နေသူများအတွက် Activation မပြုလုပ်ပဲနဲ့လဲ မြန်မာစာကို ယခင်အတိုင်း ရိုက်နိုင် သုံးနိုင်ပါကြောင်း၊ Expire Date လဲ မရှိပါကြောင်း၊ Activation သည် Premium Feature များ သုံးချင်လျှင် ၀ယ်သုံးနိုင်ရန်အတွက် စီစဉ်ထားခြင်းသာဖြစ်ကြောင်း၊ သာမန် စာရိုက်မှုအတွက် Activate ပြုလုပ်ရန် မလိုပါဖူးဗျ။ Update ထွက်ရင် ထပ်ဝယ်စရာမလိုတဲ့အပြင် နောက်ဆုံး ဒီဖုန်းကို Firmware/Rom အသစ်တင်လိုက်ရင်တောင် ပြန်ဝယ်စရာမလိုပါဖူး။ နိုင်ငံခြားက ၀ယ်လို့မရလို့ စိတ်ညစ်နေသူများကလဲ မြန်မာပြည်က သူငယ်ချင်းတစ်ယောက်ကို SMS ကနေ Code ၀ယ်ခိုင်းပြီး အစ်ကိုတို့ဆီကို အင်တာနက်ကနေ လှမ်းပို့ခိုင်းလို့ရပါတယ်ခင်ဗျ။ နိုင်ငံခြားမှာ နေတဲ့ ဘော်ဒါများက မေးလျှက်ရှိတဲ့ ပြဿနာ ကတော့ Bagan Keyboard Pro V2.1.4 ကို ဖုန်းထဲထည့် သုံးပြီး Activation မပြုလုပ်ရလို့ Activat Code ထည့်ပေးဖို့ Notification အမြဲလာလာနေတာကို ပိတ်ချင်လို့တဲ့ဗျာ။ Bagan Keyboard Pro V1.6.8 ကိုထည့် သုံးရင်တော့ Activation Notification လာတော့မှာ မဟိုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် Bagan Keyboard Pro V2.1.4 ကိုပဲ ထည့်သုံးပြီး Notification ကို ပိတ်ချင်တယ်ဆိုလည်း ရပါတယ်။ အောက်မှာ မသိသေး တဲ့ ဘော်ဒါများ အတွက် ပုံနဲ့ တကွ အနည်းငယ် ရှင်းပြထားပါတယ်။

File Size : ၃.၂ Mb

Notification ပိတ်နည်း စာဖြင့် မရေပြတော့ပါဘူး။ လွယ်လွယ် မို့လို့ ပုံကြည့်ပြီး သိနိုင်/လုပ်နိုင် မယ်ထင်ပါတယ်။

Post a Comment Blogger

  1. HuAwei phone U8825D မှာ အဲ ဒီ notification ပိတ်​တာမပါလို့ပါခင်​ဗျား ဘယ်​လိုလုပ်​ရမလဲ lucky patcher နဲ့လဲ လုပ်​ကြည်​ပြီးပြီ မရဘူးဗျ

    ReplyDelete
  2. ရရင်​ လုပ်​နည်း​လေး gtalk ထဲက ပို့​ပေးပါလား

    ReplyDelete

အခုစာဖတ်သူကြည့်နေတဲ့ ပို့(စ်) လေးမှာ ဘယ်လိုထင်မြင်ချက်ရှိလဲ? စာဖတ်သူရဲ့ထင်မြင်ချက်ကို ဤနေရာလေးမှာ ရေးချကြည့်ပါလား။..~!!!

 
Top