ဒီနေ့ တင်ပေးလိုက်တဲ့ နည်းပညာ ပို့(စ်)လေးကတော့ Android OS Smart ဖုန်းအသုံးပြုသူများ သိထားသင့်တဲ့ နည်းလမ်းကောင်းလေးကို မိတ်ဆွေတစ်ယောက်မှ တောင်းဆိုထားလို့ ပို့(စ်)လေးတစ်ခု အဖြစ် မသိသေးတဲ့ မိတ်ဆွေများလည်း လွယ်ကူစွာ လုပ်လုပ်ရအောင် မျှဝေပေးလိုက်ပါတယ်။ Android ဖုန်းထဲကနဲ့ YouTube Videos များ Download ဆွဲယူနည်း အရင်က တင်ပေးဖူးပါတယ်။ နည်းလမ်းတစ်ခုနဲ့တစ်ခု မတူတာကြောင့် ဒီနည်းလမ်းလေး ကောင်းမယ်ထင်လို့ တင်ပေးလိုက်တာပါ။ တစ်ခြားနည်းလမ်းတွေလည်း အများကြီးရှိပါသေးတယ်။ လိုအပ် ထပ်တင်ပေးဦးမှာပါ။ အရင်က တင်တဲ့ ပို့(စ်)လေးကို လေ့လာချင်ရင် ဒီနေရာလေးမှာ သွားရောက် လေ့လာနိုင်ပါတယ်ဗျာ။

File Size: 2.0 Mb
အရင်ဆုံး အပေါ်က ပေးထားတဲ့ YouTube Download Link ကို Click ပြီး Download ရယူပါ။ ပြီးရင် မိမိ၏ Android ဖုန်းထဲမှာထည့်ပြီး Install လုပ်လိုက်ပါ။ Apk File ကို Install လုပ်နည်း မသိတဲ့သူက ဒီနေရာလေးမှာ သွားပြီးလေ့လာနိုင်ပါတယ်။ အောက်ကို ဆက်ကြည့်ပါ။


အပေါ်က ပထမ ပုံအတိုင်း YouTube Video ကြည့်ရှု့ရန် YouTube Application ကို ဖွင့်လိုက်ပါ။{ မှတ်ချက်။  ။ တစ်ချို့ HuaWei ဖုန်းများနဲ့ တရုတ် ဖုန်းတွေမှာ YouTube Application မပါတတ်ကြပါဘူး။ ဒီလိုမျိုး ဖုန်းတွေအသုံးပြုတယ်ဆိုရင် Comment ရေးပြီး တောင်းဆိုနိုင်ပါတယ်။}  ဒုတိယပုံအတိုင်း မိမိကြိုက်တဲ့ YouTube Video ကို ဖွင့်ပြီး Video ရဲ့ ထပ်နာလေးက Share Button လေးကို နှိပ်ပေးလိုက်ပါ။ အောက်ပုံကို ဆက်ကြည့်ပါ။


အပေါ်က ပထမ ပုံအတိုင်း YouTube Video Share လို့ရမယ် နေရာလေးတွေပေါ်လာပါလိမ့်မည်။ ထိုအခါ အပေါ်မှာ ပေးထားတဲ့ YouTube Download Link ကို မိမိဖုန်းထဲမှာ Install လုပ်ပြီးသွားရင်တော့ ပုံမှာပြပေးတဲ့အတိုင်းတွေ့ရမှာပါ။ အဲဒီ YouTube Download Application ထဲကို Share မယ်ဆိုပြီး နှိပ်လိုက်ပါ။ ခဏလေး loading ဆောင့်ပြီး အပေါ်က ဒုတိယ ပုံအတိုင်း Video Formart များရွေးခိုင်ပါလိမ့်မယ်။ မိမိကြိုက် တဲ့ Video Formart ရွေးပြီးနှိပ်လိုက်ပါ။ အောက်ပုံကို ဆက်ကြည့်ပါ။


ပေါ်က ပုံမှာ ပြပေးထားတဲ့ အတိုင်း Download here Button လေးကိုနှိပ်ပေးပြီး အောင်မြင်စွာ YouTube Videos များကို Download ရယူနိုင်တော့မှာ ဖြစ်ပါတယ်။ ကျနော်က Galaxy S4 မှာ စမ်းပြထားတာပါ။ အခြား Device များအတွက် အဆင်မပြေခဲ့ရင် Comment ရေးပြီး မေးနိုင်ပါတယ်။

Post a Comment Blogger

  1. အရမ်းအကျိုးဖြစ်စေပါတယ် ခင်ဗျာ။ အရမ်းလဲ ကျေးဇူးတင်ပါတယ် ။ galaxy s4 မှာတော့ webpage တွေမှာ မြန်မာစာ မရလို့ အဆင်မပြေဖြစ်နေပါတယ်။ facebook တို့ gtalk တို့မှာတော့ ရပါပီ။ root လုပ်စရာမလိုပဲ webpage တွေမှာ မြန်မာစာပေါ်အောင်လုပ်လို့ရရင် ပြောပြပေးပါ။ ကျေးဇူးတင်ပါတယ်။

    ReplyDelete
  2. Galaxy S4 မှာ Root မလုပ်ပဲ မြန်မာစာ မှန်ကန်ဖို့က မလွယ်ပါဘူး။ ဒါပေမယ့် မြန်မာ Font ကို ထည့်သွင်းပြီး Google Search နှင့် အခြား Webpage,Gmail...များမှာ မြန်မာစလုံး မှန်ကန်ဖို့ မိမိဖုန်းကို Software Update လုပ်ပေးဖို့လိုပါတယ်။ လုပ်နည်းကတော့ Settings >>> About Phone >>> Software Update သွားပြီး Update လုပ်ပေးလိုက်ပါ။ မိမိ၏ဖုန်းသည် Software Update ပြီးမြောက်သွားပြီးဆိုရင်တော့ မြန်မာစလုံး မှန်မှန်ကန်ကန် မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ မှတ်ချက်။ ။ မိမိ၏ဖုန်းသည် Software Update လုပ်ဖို့အတွက် Internet Line ရှိဖို့ လိုအပ်ပါတယ်။ အဆင်ပြေပါစေ။

    ReplyDelete

အခုစာဖတ်သူကြည့်နေတဲ့ ပို့(စ်) လေးမှာ ဘယ်လိုထင်မြင်ချက်ရှိလဲ? စာဖတ်သူရဲ့ထင်မြင်ချက်ကို ဤနေရာလေးမှာ ရေးချကြည့်ပါလား။..~!!!

 
Top