ဒီနေ့ တင်ပေးတဲ့ နည်းပညာ ပို့(စ်)လေးကတော့ Root မလုပ်ပဲ Samsung Galaxy S4 မှာ မြန်မာ Font/မြန်မာစလုံးလေးတွေ မြင်လို့ရအောင် ထည့်သွင်းနည်း လေးကို တင်ပေးလိုက်ပါတယ်။ Samsung Galaxy S4 မှာဆိုရင် Setting >> Font Style ကနဲ့ မြန်မာ Font ကိုရွေးပြီး ထည့်သွင်းမယ်ဆိုရင် This Font Not Available ဖြစ်နေပါတယ်။ ဥပမာ-ပုံကြည့်ရှု့ရန် တာမျိုးဖြစ်နေတာကြောင့် အချို့မိတ်ဆွေများက Samsung Galaxy S4 မှာ မြန်မာ Font ထည့်မရလို့ဆိုပြီး ကျနော်ကို လာမေးကြတာ မနည်းတော့ပါဘူး။ ဒါကြောင့် Samsung Galaxy S4 ဖုန်းအသုံးပြုသူတိုင်း မြန်မာ Font ကို  Root မလုပ်ပဲ လွယ်ကူစွာ ထည့်သွင်းလို့ရအောင် တင်ပေးလိုက်ပါတယ်။


အရင်ဆုံး လိုအပ်တဲ့ File များကို Download ရယူရပါမယ်။ ဒီပို့(စ်)လေးမှာ သွားပြီး လိုအပ်တဲ့ File များကို Download  ရယူကြပါ။

၁။ Ifont For Android.apk (All In One Font)

၂။ မိမိကြိုက်တဲ့ မြန်မာ Font ကို Download ရယူပါ။ ဥပမာ- Zawgyi One TTF.apk, Zawgyi One.ttf အစရှိသည့် File Font များကို ရာယူနိုင်ပါတယ်။ အပေါ်က Link မှာ အားလုံး စုံအောင်ပါရှိပါတယ်။

၃။ မိမိကြိုက်မယ့် Keyboard ကို ဒီနေရာလေးမှာ သွားပြီး Download ရယူကြပါ။

၎။ .apk File ကို Install မလုပ်တတ်တဲ့ သူတွေက ဒီနေရာလေးမှာ ၀င်ရောက်လေ့လာနိုင်ပါတယ်။


အဆင့် ၁။ Setting ကို သွားပြီး My Device ထဲက Display ထဲကို ၀င်ပါ။ အောက်ပုံကို ဆက်ကြည့်ပါ။


Font Style ထဲက Samsung Sans ကို အမှန်ခြစ်ပေးလိုက်ပါ။ အောက်ပါကို ဆက်ကြည့်ပါ။


အဆင့် ၂။ Ifont ထဲကို ၀င်ပါ၊ ပြီးရင် Install ဆိုတဲ့ နေရာကို ၀င်ပါ၊ မှတ်ချက်။   ။ Zawgyi One TTF.apk File ကို မိမိ၏ ဖုန်းမှာ Install လုပ်ပြီးသာ ဖြစ်ရပါမယ်။ .apk File ကို မသုံးချင်ဘူးဆိုရင် .ttf File များလည်း အသုံးပြုနိုင်ပါတယ်။ အောက်ပုံ အတိုင်းပါ။


မိမိ ထည့်သွင်းထားတဲ့ SD Card ထဲက .ttf File များကို Click လိုက်ပါ။ အောက်ပုံကို ဆက်ကြည့်ပါ။



မိမိသည် .apk File (သို့မဟုတ်) .ttf File ပဲသုံးသုံး အပေါ်က အဆင့်ရောက်ပြီးဆိုရင် Set ကို နှိပ်ပေးလိုက်ပါ၊ Dialog Box ပေါ်လာပါလိမ့်မည်၊ ထို Dialog Box ထဲက OK Button လေးကို နှိပ်ပေးလိုက်ပါ။ အောက်ပုံကို ဆက်ကြည့်ပါ။


Dialog Box ထပ်ပေါ်လာလိမ့်မည် ထို Dialog Box ထဲက OK Button လေးကို ထပ်နှိပ်ပေးလိုက်ပါ။ ပြီးရင် မိမိဖုန်းကို Restart ချပေးလိုက်ပါ။ ထိုအတွက် ဖုန်း၏ Power Key ကို ဖိလိုက်ပါ ပေါ်လာတဲ့ Box ထဲ က Restart Button လေးကို နှိပ်ပြီး မိမိဖုန်း Restart ချပေးလိုက်ပါ။



အဆင့် ၃။ Keyboard အတွက် Setting >>My Device က Language and Input ထဲကို ၀င်ပြီး မိမိထည့်သွင်းထားတဲ့ မြန်မာ Keyboard ကို အမှန်ခြစ်ပေးပါ။ ပြင်ပမှ Keyboard ကိုသုံးပါက Password များ၊ Credit Card Number များအတွက်စိတ်မချရကြောင်းအသိပေးလိုက်တာပါ။ သိရှိပါကြောင်းပြောရန် OK Button ကိုနှိပ်လိုက်ပါ။ အောက်ပုံကို ဆက်ကြည့်ပါ။


 ပြီးရင် Keyboards and Input Meethods  နေရာမှာ မိမိထည့်သွင်းလိုက်တဲ့ မြန်မာ Keyboard ကိုရွေးပေးလိုက်ပါ။ အားလုံးအဆင် အဆင်ပြေကြပါစေ။

Post a Comment Blogger

  1. ကျေးဇူးအများကြီးတင်ပါတယ်ဗျအခုမှဘဲ
    ကျွန်တော့် Galaxy လေးမြန်မာfont အဆင်ပြေတော့တယ်
    အဝေးတနေရာကအားပေးလျှက်

    ReplyDelete
  2. browser ကြည့်လို့မရဘူး.။ကြည့်လို့ရမယ့်နည်းလမ်းလေးရှိရင်လဲတင်ပေးပါခင်ဗျာ။ကျေးဇူးပါ...

    ReplyDelete
  3. Myanmar Developer များရေးဆွဲကြတဲ့ Browser ကို အသုံးပြုရင် ရမှာပါ။ Google play မှာ အခမဲ့ ရယူနိုင်ပါတယ်။ ဒါမှမဟုတ် သေးဘူးဆိုရင် မိမိ ဖုန်းကို Software Update လုပ်ပေးကြည့်ပါ။

    ReplyDelete
  4. Icon တွေသေးသွားလို့ bro
    Reboot clickလုပ်လိုက်တာ
    Please help?

    ReplyDelete
  5. အကို ကျွန်တော့် S4 က မြန်မာဖောင့် ရိုက်လို့ ရတယ် မြင်လည်း မြင်ရတယ် ဒါပေမယ့် ဖတ်ရတာ ဘယ်လိုကြီးလည်း မသိဘူး အရှေ့ အနောက် အဆင်မပြေဘူး ဗျ အဲ့ဒါ ဒါ ကို ထပ်ပီး တင်ရင် အဆင်ပြေနိုင်လား မသိဘူး နော် တင်လို့ရမယ် ဆိုရင် တင်ချင်လို့ပါ ကျေးဇူးပြုပြီးတော့ ဖြေပေးပါ

    ReplyDelete
  6. @AMK iGREEN တင်ကြည့်ပါ။ ဒီနည်းလည်းလေးနဲ့တော့ ဖုန်းမပြက်နိုင်ပါဘူး။ Computer နဲ့ ချိတ်ပြီး Software သွင်းတာမှမဟုတ်တာ။ မြန်မာ Font ကို တော့ အဆင်းပြေနိုင်မလား မပြေနိုင်မလား မပြောနိုင်သေးပါဘူး။ ဖြစ်နိုင်ရင် @AMK iGREEN ရဲ့ S4 Model နံပါတ်လေး ထားခဲ့ပေးပါ။ S4 ဆိုရင် လည်း Model တစ်ခုနဲ့တစ်မတူညီတော့ Firmware ကလည်း မတူတာကြောင့် မြန်မာ Font မှန်အောင် မြင်နိုင်ဖို့ ပြောရခဲ့လှပါတယ်။

    ReplyDelete
    Replies
    1. ကျ​တော့နာမည်​ ထူး​အောင်​​ကျော်​ပါ အကို ကျ​တော့ကိုတဆိတ်​​လောက်​ကူညီပါ ကျ​တော့ဖုန်းက samsung galaxy s4 GT-I9505 Android version 4.3​ ဖြစ်​ပါတယ်အကို​ပြောသည့်အတိုင်းမြန်​မာ​ဖောင့်​ကိုထည့်ကြည့်​ပါတယ်​ မရဘူးဖြစ်​​နေတယ်​ ​ကျေးဇူးပြုပြီးကူညီပါဗျာ

      Delete
    2. display မှာ zawgyi one ttf ​ပေါ်​နေပါပြီ ​ရေး​တော့အကွက်​​လေး​တွေပဲ​ပေါ်​နေပါတယ်​ဗျာဘာဆက်​လုပ်​ရမလဲ

      Delete
    3. ဖုန်းကို Root လုပ်ရပါမယ်။ ပြီးတော့ Custom Recovery တင်ပြီး Recovery ကနေ Rooted Firmware ကို Flash ပေးရမှာပါ။ ထိုနည်းတူ Root ပြီးသား Firmware လေးတက်လာရင် ကြိုက်တဲ့ Font Changer ထည့်သုံးလိုက်တာနဲ့ မြန်မာဖောင့် အဆင်ပြေသွားမှာပါ ။ ဖုန်းကို Root မလုပ်ချင်ရင် တော့ Zawgyi One TTF(ifont).apk ကို ထည့်ကြည့်ပါ။

      Delete
    4. S4 GT-I9505 Andriod 4.3 မှာ root လုပ်ပြီးပါပြီ။ မြန်မာစာ တင်လို့မရဖြစ်နေလို့ အထက်ကပြောပြထားတဲ့ နည်းလေးကို ဘယ်လိုလုပ်ရယ်ဆိုတာ step by step လေးပြောပြပေးပါလား။

      Delete
    5. @shwemanthu ရယ် Root ဖောက်ပြီးရင်တော့ မြန်မာ Developer များက Modified လုပ်ကြတဲ့ Font Changer Application ကို အရင်ဆုံး အသုံးပြုပြီး စမ်းကြည့်ပါ။ ထို Font Changer Application Google Play မှာ free ရယူနိုင်ပါတယ်ဗျာ။ အဆင်မပြေခဲ့ ရင် ဒီ Blog မှ ထပ်မံတင်ပေးသွားပါမယ်။

      Delete
    6. Root လုပ်ပြီး font changer မျိုးစုံနဲ့စမ်းတာ ဘယ်လိုမှမြန်မာစာ မမြင်ရဘူး။ ဘာလိုအပ်ချက်ရှိလို့လဲတော့မသိဘူး။ Googel Edition Android 4.3 တင်ပြီး မြန်မာစာတင်တာတော့ရသွားတယ်။
      http://www.youtube.com/watch?v=xaILpiFgBjM

      Delete
  7. S4 GT-I9506 Android version 4.2.2 အတွက် အထက်ကပြတဲ့အတိုင်း အဆင့်ဆင့်လုပ်တာ အဆင့် ၃ ထိပဲ၇ပြီးတော့ အဆင့်၎ မှာ set နှိပ်လိုက်တိုင်း ( after installed font, please go to the font display setting page set the font! If the custom font is selected, you have to apply another font ( of default font ) first and then apply the new custom font ! ) လို့ပြပါတယ်။ သူပြောတဲ့ အတိုင်းလည်း လုပ်တာပဲ။ တခုခုက မှားနေလားတော့မသိဘူး။ အဆင့် ၃ မှာ set နှိပ်တိုင်း အဲ့တာပဲ ပြန်ပေါ်လာတယ်။ keyboard တော့၇သွားပါပြီး။ မြန်မာစာ မမြင်၇လို့ ကျေးဇူးပြုပြီး ကူညီပေးပါအုံးရှင့်... ကျေးဇူးတင်ပါတယ်..

    ReplyDelete
    Replies
    1. အရင်က Ifont နဲ့ဆို ရမှာပါ။ အခုက Ifont Application ကို Updated ပြန်လုပ်လိုက်လို့ အခုလိုဖြစ်သွားတာပါ။ ဒီနေရာလေးမှာသွားပြီး Zawgyi-One TTF(ifont).apk File ကို Download ဆွဲယူပြီး ထပ်စမ်းကြည့်ပါ အဆင်ပြေသွားမှာပါ။ ဒါပေမယ့် Google Search နဲ့ Browser, Gmail တွေမှာ တော့ အဆင်ပြေနိုင်မယ် မထင်ပါဘူး။ ထိုနေရာများတွင် ဖုန်းကို Root ဖောက်မှာ အဆင်ပြေမှာပါ။ ဒါမှမဟုတ် Myanmar Firmware (or) ဖုန်းကို Software Update လုပ်ပေးရင်တော့ ရနိုင်ပါတယ်။

      Delete
  8. Ko Thang ming
    S4 4.3အတွက် custom recovery နဲ့ rooted firmware ဒေါင်းလုတ် လင့်ပေး လို့ ရမလား ခင် ဗျာ့
    root လုပ် ချင် လို့ ပါ
    မျှ ဝေတဲ့အတွက်ကျေးဇူးတင် ပါတယ်

    ReplyDelete
    Replies
    1. @thigh wanna ရယ် ကျနော်လည်း အလုပ်များနေလို့ အချိန်ရရင် တင်ပေးသွားမှာ ပါနော်။

      Delete
  9. I tried on my ph i9505 -4.2.2 (not yet root)but it stucking at stage 5 as u shown above and showing err code 12 ! What shall I do bro.pls advise me ! Thz for ur kindness

    ReplyDelete
  10. thanks a lot, for guides .. it is working for S4 and S2 both..

    ReplyDelete
  11. အစ်ကိုရေ ကျနော့ s4မှာ အဆင်မပြေဘူး zawgyi one ttf ဒေါင်းလဲမရဘူး browser ကနေဒေါင်းတဲ့ဆော့ဝဲလ်တိုင်းဖွင့်လို့မရဘူး play store ထဲမှာ zawgyi flipfont လိုက်ရှာတာတစ်ခုပဲတွေ့တယါ အဲ့တစ်ခုကလလဲ ကျနော့ဖုန်းနဲ့အဆင်မပြေဘူး ကူညီပ့ဦး

    ReplyDelete
  12. အခုမှဒီဆိုဒ်လေးကိုမြင်ရတယ်ဗျာ ဖုန်းနဲ့ပတ်သက်ပြီးနားမလည်တဲ့ကျွှန်တော်အတွက်တော့ မဟာကျေးဇူးရှင်ပါပဲ့ အရမ်းကိုကျေးဇူးတင်ပါတယ်နော်......

    ReplyDelete
  13. My phone is S4 I9506 & anroid 4.3. Please advise how to install Myanmar/Zawgyi without rooting.
    Thank you.

    ReplyDelete

အခုစာဖတ်သူကြည့်နေတဲ့ ပို့(စ်) လေးမှာ ဘယ်လိုထင်မြင်ချက်ရှိလဲ? စာဖတ်သူရဲ့ထင်မြင်ချက်ကို ဤနေရာလေးမှာ ရေးချကြည့်ပါလား။..~!!!

 
Top