ဒီနေ့ တင်ပေးတဲ့ နည်းပညာ ပို့(စ်)လေးကတော့ Samsaung Galaxy S3 Mini GT-i8190,GT-i8190n...ect များမှာ Root မလုပ်ပဲ Setting , Display က Font Style ပါတဲ့  Samsaung Series တွေမှာ လွယ်ကူစွာ မြန်စာဖေါင့် ထည့်သွင်းနည်းလေးကို မျှဝေပေးလိုက်ပါတယ်။ Android, Cupcake, Donut, Eclair, Froyo, Gingerbread, Honeycomb, Ice Cream Sandwich....ect Android Version တွေမှာ မြန်မာမစလုံးများကို Root မလုပ်ပဲနှင့်  Setting , Display က Font Style ပါတဲ့  Samsaung Series တွေမှာ ထည့်သွင့်တာ ကောင်းမွန်စွာ မြင်နိုင်ရပေမယ့် ၂၀၁၂ မှာ ထွက်တဲ့ Jelly Bean Android Version တွေမှာတော့ မြန်မာမစလုံးများကို ကောင်းမွန်စွာ မြင်လို့မရတော့ပါဘူး။ အများအားဖြင့် Google Search နဲ့ Gmail တွေမှာ ဒီနည်းလမ်းဖြင့် မြန်မာမစလုံးများကို လုံးဝမြင်လို့ရမှာ မဟုတ်ပါဘူး။ ပြီးတော့ Facebook နှင့် အခြားနေရာများမှာလည်း ကောင်းကောင်းမွန်မွန် မမြင်နိုင်ပါဘူး။ သ၀ဲထိုး နောက်ရောက်တာမျိုးဖြစ်တတ်ပါတယ်။ ဥပမာ_ နေကောင်းလာ ဆိုတာကို နေကေားလာင် ဆိုပြီး စလုံးမှားတာတွေ များပါတယ်။ ဤအားနည်းချက်တွေ အတွက် Myanmar Developer များမှ ရေးဆွဲထုတ်လုပ်လိုက်တဲ့ Myanmar Browser တွေကို အသုံးပြုရပါမယ်။ ဒါတွေကိုလည်း မသုံးချင်ဘူးဆိုရင်တော့ မိမိ၏ Android Smart ဖုန်းကို Root လုပ်ယုံပဲပေါ့၊ Root လုပ်ပြီးရင်တော့ မြန်မာမစလုံးများကို ကောင်းမွန်စွာ မြင်လို့ရတော့မှာပါ။ အခုကျနော် ပြပေးမှာကတော့ Android Smart ဖုန်းကို Root မလုပ်ချင်သူများအတွက် နည်းလမ်းကောင်းလေးကို ပြပေးပါမယ်။


အရင်ဆုံးလိုအပ်တဲ့ File တွေကို Download ရယူပါ။ 

၂။ keyboard အတွက် ဒီနေရာလေးမှာ သွားပြီး မိမိကြိုက်တဲ့ မြန်မာ Keyboard များကို ရယူပါ။
၃။ .apk File Install လုပ်နည်း မသိသေးတဲ့ သူများရှိရင် ဒီနေရာလေးမှာ သွားရောက်လေ့လာနိုင်သည်။

File တွေအတွက် အဆင်ပြေပြီးဆိုရင်တော့ အောက်ပါအတိုင်းဆက်လုပ်ပါ။ 


အဆင့် ၁။ Setting ကိုရှာပါ တွေ့ပြီးဆိုရင် Setting ထဲကိုဝင်ပါ။ ပြီးရင် Display ကိုသွားပါ။ အောက်ပုံကို ဆက်ကြည့်ပါ။


Font Style ထဲဝင် ကာ Zawgyi One TTF ကို ရွေးပေးပါ။ ပေါ်လာထဲ့ Box ထဲက Yes Button လေးကို နှိပ်ပေးလိုက်ပါ။ အောက်ပုံကို ထပ်ကြည့်ပါ။


အဆင့် ၂။ Language and Input ထဲဝင်ပြီး Frozen Zawgyi Keyboard ကို အမှန်ခြစ်ပေးပါ။ အောက်ပုံကို ဆက်ကြည့်ပါ။


Frozen Zawgyi Keyboard ကို အမှန်ခြစ်ပေးတဲ့အခါမှာ ပြင်ပမှ Keyboard ကိုသုံးပါက Password များ၊ Credit Card Number များအတွက်စိတ်မချရကြောင်းအသိပေးလိုက်တာပါ။ သိရှိပါကြောင်းပြောရန် OK Button ကိုနှိပ်လိုက်ပါ။ ပြီးရင် Keyboards and Input Meethods  နေရာမှာ Frozen Zawgyi Keyboard Pro ကိုရွေးပေးလိုက်ပါ။ အားလုံးအဆင်ပြေနိုင်ကြပါစေ။

Gingerbread _ Android Version ဆိုရင် ဒီနေရာလေးမှာ သွားရောက်လေးလာနိုင်ပါတယ်။

Post a Comment Blogger

အခုစာဖတ်သူကြည့်နေတဲ့ ပို့(စ်) လေးမှာ ဘယ်လိုထင်မြင်ချက်ရှိလဲ? စာဖတ်သူရဲ့ထင်မြင်ချက်ကို ဤနေရာလေးမှာ ရေးချကြည့်ပါလား။..~!!!

 
Top