ဒီနေ့တင်ပေးတဲ့ ပို့(စ်)လေးကတော့ Google Feedburner Account တည်ဆောက်နည်း/ဖန်တီးနည်း လေးကို မျှဝေပေးလိုက်ပါတယ်။ Comment Box မှာ ဘလော့မိတ်ဆွေတစ်ယောက်က မေးလို့ တချို့မသိသေးတဲ့ ဘလော့မိတ်ဆွေများအတွက်လည်း အဆင်ပြေအောင်ဆိုပြီး ပို့(စ်)လေး အနေဖြင့် ထပ်တင်ပေးလိုက်တာပါ။  သိပြီးကြသော ဘလော့မိတ်ဆွေတွေကိုတော့ မဆိုလိုပါဘူး။ အောက်မှာ ပုံနဲ့ တကွ ရုပ်မြင် Video နဲ့ပါ ရှင်းပြပေးထားပါတယ်။


၁။ http://feedburner.google.com တွင် ၀င်ပါ။

၂။မိမိ၏ Gmail Account ဖြင့် ၀င်ပါ။ Sign In/ အောက်ပုံ အတိုင်းထွက်လာပါမည်။

၃။ ပေါ်လာသော Box ထဲမှာ  မိမိ၏ ဘလော့ လိပ်စာကိုထည့်ပေးပါ။ Next Button လေးကို နိုပ်ပါ။ အောက်ပုံ ထွက်လာပါမည်။


၎။မိမိ ကြိုက်ရာ တစ်ခုကိုရွေးပေးပြီး Next Button လေးကို ထပ်နိုပ်ပါ။ အောက်ပုံ အတိုင်းထွက်လာပါမည်။
၅။ Feed Title နှင့် Feed Address ပြပေးပါမည်။ Next Button လေးကိုသာ နိုပ်ပေးလိုက်ပါ။ အောက်ပုံ ကို ထပ်ကြည့်ပါ။

၆။ Step 1 ကနဲ့ 3 အထိ ပြီးမြောက်ကြောင်းကို ပြောတာပါ။ Next Button ကိုနိုပ်ပေးလိုက်ပါ။ အောက်ပုံ ကို ဆက်ကြည့်ပါ။
၇။ ဒီနေရာမှာ တော့ Feedburner Account Information ဖြစ်ပါတယ်။ မိမိကြိုက် စိတ်တိုင်းကျ ပြင်တင်နိုင်ပါတယ်။  စိတ်တိုင်းကျ ဖြစ်ပြီးဆိုရင်  Next Button ကို ထပ်နိုပ်ပေးလိုက်ပါ။ အောက်ပုံကို ဆက်ကြည့်ပါ။

၈။ box တွေကို မိမိ ကြိုက်သလို အမုန်ခြစ်ပေးပါ။ ပြီးရင် Next Button ကို ထပ်နိုပ်ပေးလိုက်ပါ။ အောက်ပုံ ကို ဆက်ကြည့်ပါ။

၉။ Google Feedburner Account အောင်မြင်စွာပြီးဆုံးကြောင်းပြတာပါ။
Video Tutorial(ရုပ်မြင် Video ဖြင့် ရှင်းပြခြင်း)

Post a Comment Blogger

အခုစာဖတ်သူကြည့်နေတဲ့ ပို့(စ်) လေးမှာ ဘယ်လိုထင်မြင်ချက်ရှိလဲ? စာဖတ်သူရဲ့ထင်မြင်ချက်ကို ဤနေရာလေးမှာ ရေးချကြည့်ပါလား။..~!!!

 
Top