Android OS သုံးထားတဲ့ Device ကို Root လုပ်မယ်ဆိုလျှင် ပထမဆုံး လိုအပ်တဲ့ အချက်များ ကို မသိသေးတဲ့ မိတ်ဆွေတွေ အတွက် ဝေမျှပေးလိုက်ပါတယ်။ ဒါဆိုပထမဆုံး စာဖတ်သူသိထားရမှာကတော့ Warranty ဆုံးရှုံးနိုင်တာကိုပါ။ ဒုတိယကတော့ Manager File တွေကိုမဖျက်မိအောင်ဂရုစိုက်ပေးရပါမယ်။ တတိယကတော့ အရေးကြီးဖုန်းနံပါတ်များနှင့် SIM Card ထဲမှ Data များကို Backup လုပ်ထားရပါမယ်။ Root လုပ်ရန်နည်းလမ်းကတော့ နှစ်မျိုးရှိပါတယ်။ တစ်ခုကတော့ Computer နှင့် USB မှချိတ်ဆက်ပြီး ပြုလုပ်ပါတယ်။ နောက်တစ်ခုကတော့ Android Device အတွင်းကို ကူးယူထည့်သွင်းပြီး တိုက်ရိုက်မောင်းနှင်ခိုင်းတာပဲဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ်ဒါလေးတွေတော့သိထားဖို့ လိုအပ်ပါတယ်။ Computer နှင့်ချိတ်ဆက်ပြီး Root လုပ်လျှင် Device ကိုအလိုအလျောက်အားသွင်းတာကြောင့် Battery အားရှိနေရန်မလိုအပ်သော်လည်း၊ .apk Application များဖြင့် Root လုပ်တဲ့အခါမှာတော့ Device ကို အနည်းဆုံး 75% ကျော် Battery အားရှိနေဖို့လိုအပ်ပါတယ်။ Computer နဲ့ပဲချိတ်ဆက်ပြီး Root လုပ်လုပ်၊ တိုက်ရိုက်ပဲ Application ထည့်ပြီး Root လုပ်လုပ် စာဖတ်သူရဲ့ Device အတွင်းမှ Setting => Application => Unknown Sources ကို No ပေးထားရပါမယ်။ ၎င်းရဲ့လုပ်ဆောင်ချက်ကတော့ Android အသိအမှတ်ပြု Market မှရယူထားခြင်းမဟုတ်တဲ့ Program တွေကို Device ထဲထည့်သွင်းတဲ့အခါ Administrator မှသိရှိပြီး Allow ခွင့်ပြုကြောင်းပြောလိုက်တာပါ။ အကယ်၍စာဖတ်သူ Device မှာ အဆိုပါ Function မပါရှိပါက ADB Command ဖြင့်သာထည့်သွင်းရပါမယ်။ Computer နဲ့ချိတ်ဆက်ပြီး Root လုပ်ခြင်း၊ Backup လုပ်ခြင်းနှင့် အခြားသောလုပ်ဆောင်ချက်များအတွက် USB Dubbing ကိုသိထားရပါမယ်။ Super One Click ကဲ့သို့သော Computer Connect Rooting လုပ်ငန်းစဉ်များအတွက် USB Dubbing ဟာ မလုပ်မနေ On ပေးရပါတယ်။ USB Dubbing လုပ်ဆောင်ချက်ရှိမှသာ Computer နဲ့ ချိတ်ဆက်ပြီး Device တွေကိုပြင်ဆင်ပြောင်းလဲတဲ့ အခါမှသာ သက်ရောက်မှုရှိမှာဖြစ်ပါတယ်။

၁။ Unknown Sources On နည်း
အဆင့် ၁။ ပုံ

အဆင့် ၂။ ပုံ
အဆင့် ၃။ ပုံ





၂။ USB Dubbing On နည်း
အဆင့် ၁။ ပုံ

အဆင့် ၂။ ပုံ
အဆင့် ၃။ ပုံ
အဆင့် ၄။ ပုံ

Post a Comment Blogger

  1. အရမ်းကောင်းတဲ့ နည်းပညာပါ
    အရမ်းကို ကျေးဇူးတင်ပါတယ်
    PDF ဖိုင်ကလေး လုပ်ပေးထားရင် အရမ်းကောင်းမယ်

    ReplyDelete

အခုစာဖတ်သူကြည့်နေတဲ့ ပို့(စ်) လေးမှာ ဘယ်လိုထင်မြင်ချက်ရှိလဲ? စာဖတ်သူရဲ့ထင်မြင်ချက်ကို ဤနေရာလေးမှာ ရေးချကြည့်ပါလား။..~!!!

 
Top